နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၈နှစ်ပြည့်အထိမ်းအမှတ်ကုန်စည်ပြပွဲတွင် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ Parami LPG မှ co-sponsor အဖြစ် ပါဝင်ခဲ့

အစဉ်အလာကြီးမားထင်ရှားသော နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၈နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကုန်စည် ပြပွဲကို နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့ရာ ပါရမီ စွမ်းအင်ကုမ္ပဏီများအုပ်စု၏ Parami LPG မှ co-sponsor အဖြစ် ဂုဏ်ယူ ၀မ်းမြောက်စွာ ပါဝင်ပံ့ပိုးကူညီခဲ့ ပါသည်။

ထို့အပြင် ယင်းကုန်စည်ပြပွဲတွင် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ Parami LPG ကုန်ပစ္စည်းများကိုလည်း  ပြခန်း ဖွင့်လှစ်ပြသခဲ့ပါသည်။